| Other things |
| Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
| Other things |
| Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
| Other things |
| Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
| Other things |
| Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
| Other things |
| Lorem ipsum dolor sit amet, consectetuer adipiscing elit. Duis ligula lorem, consequat eget, tristique nec, auctor quis, purus. Vivamus ut sem. Fusce aliquam nunc vitae purus. |
|
| ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ |
| Wednesday, August 18, 2010 |
6/11/2010
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ယနေ့ (ဇွန်လ ၁၁ ရက်) နံနက်က အဆိုပါ ရုံးတည်ရှိရာ စစ်တွေမြို့ လမ်းမတော် (တောင်)ရပ်ကွက် ခေါင်းလောင်း ကျောင်းလမ်းတွင် ပြုလုပ် ခဲ့သည်။
အခမ်းအနားကို တက်ရောက်ခဲ့သူ တဦးက “ ဒီကနေ့ နံနက် စောစော ၈ နာရီမှာ ရုံးဖွင့်ပွဲနဲ့ ဆိုင်းဘုတ် တင်ပွဲကို ပြုလုပ်ပါတယ်။ စစ်တွေက ရပ်မိ ရပ်ဖတွေနဲ့ လူငယ်တွေ စုစုပေါင်း ၇၀ ခန့် တက်ရောက် ခဲ့ပါတယ်။ စီးပွားရေး သမား အတော်များများလည်း ကားတွေနဲ့ လာရောက်ကြပါတယ်” ဟု ပြောသည်။
ရုံးဖွင့်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန်အတွက် ပါတီခေါင်းဆောင်များအား ဖုံးဖြင့် ဆက်သွယ်ရာ အဆိုပါ ခေါင်းဆောင်များ အလုပ်ရှုပ်နေသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( Rakhine Nationalities Development Party) မှာ ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့် အညီ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သော ပါတီ ဖြစ်သည်။
ပါတီ ဥက္ကဌမှာ ဒေါက်တာအေးမောင် (တိမွေးကု ငြိမ်း) ဖြစ်ပြီး ဒုဥက္ကဌများမှာ ဦးအုန်းတင်၊ ဦးတင်ဝင်း၊ ဦးစောဖြူနှင့် ဦးအောင်ဘန်းသာတို့ ဖြစ်ကြသည်။
ပါတီ အထွေထွေအတွင်းရေးမှူးမှာ ဦးဦးလှစောဖြစ်ပြီး တွဲဘက် အတွင်းရေးမှူးများမှာ ဦးထွန်းအောင်ကျော်၊ ဦးခင်မောင်လတ်၊ ဥင်္ီးသာထွန်းလှနှင့် ဦးခိုင်ပြည်စိုးတို့ ဖြစ်ကြသည်။ ပါတီ ကို ဗဟို အလုပ်အမူဆောင် ၁၈ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
http://www.narinjara.com/detailsbur.asp?id=2551Labels: သတင်း |
posted by ဦးရာဇ်မြီ @ 12:00 AM  |
|
|
|
| ရခိုင် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး အသင်း ဘင်္ဂလာဒေ့ခ်ျတွင် ဖွဲ့စည်း |
| Tuesday, August 17, 2010 |
8/10/2010
မောင်အေး
--------------
ရခိုင် အမျိုးသားတော်လှန်ရေးတွင် ပါဝင်လုပ် ကိုင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်လာသည့် အချိန်တွင် ခိုကိုးရာမဲ့ ဖြစ်နေကြသူများကို ကူညီစောင့်ရှောက်ပေး နိုင်ရန်အတွက် “သက်ကြီးရွယ်အိုများ ကူညီ စောင့်ရှောက်ရေး ဖောင်ဒေးရှန်း” တခုကို ဘင်္ဂလာဒေ့ခ်ျတွင် ရောက်ရှိနေကြသည့် ရခိုင် အမျိုးသားများက ဖွဲ့စည်းလိုက်သည်။
ဖောင်ဒေးရှင်းကို ဇူလိုင်လ ၉ ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဖလောင်းချိတ်မြို့တွင် အဖွဲ့ဝင် ၉ ဦးနှင့် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သြဂတ်စ်လ ၈ နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော အသင်း၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
ယခုကဲ့သို့ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး ဖောင်ဒေးရှင်း ဖွဲ့စည်းရသည့် ရည်ရွယ်ချက်ကို အသင်း ၏ အတွင်းရေးမှူးဖြစ်သူ ကိုကျော်မြင့်က ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ရည်ရွယ်ချက်ကတော့ တော်လှန်ရေးနယ်ပယ် အသီးသီးက အသက်ကြီးလို့ ဖြစ်စေ၊ ကျန်းမာရေးအရ ဖြစ်စေ ပြင်ပကို ရောက်ပြီး ဒုက္ခရောက်နေကြတဲ့ သူတွေကို ကူညီဖို့ရယ်။ ပီးတော့ တော်လှန်ရေး နိုင်ငံရေး ပြင်ပကို ရောက်နေပြီး ခက်ခက်ခဲခဲ ရုန်းကန် နေရသူတွေရဲ့ အခက်အခဲ တွေကို ၀ိုင်းဝန်းကူညီပေးဖို့နဲ့ တော်လှန် ရေးထဲက မျိုးဆက်သစ် လူငယ်တွေရဲ့ စိတ်ဓါတ်ကို အထောက်ကူ ပြုနိုင်အောင် ဆိုပြီး ဒီဖောင်ဒေးရှင်းကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။ ”
ဖောင်ဒေးရှင်း ကော်မီတီတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် သီတင်းသုံးနေသည့် ရခိုင် ရဟန်းတော် များလည်း ပါဝင်သည်။
သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ပေးမည့် အစီအစဉ်ကိုလည်း ကိုကျော်မြင့်က ယခုကဲ့သို့ ပြောသည်။
“ကျွန်တော်တို့က လောလောဆယ် ရိပ်သာတခုဆောက်ဖို့ အစီအစဉ်ရှိတယ်။ အဲဒီရိပ်သာမှာ သူတို့ကို စနစ်တကျ ထားပြီး ကျန်းမာရေးက အစ စားဝတ်နေရေး အားလုံး အဆင်ပြေအောင် ထားမယ်။ အဓိကတော့ သူတို့စိတ် ချမ်းချမ်း သာသာနဲ့ နေထိုင်နိုင်အောင် ထားဖို့ဘဲဖြစ်ပါတယ်။”
ယခုအခါ သက်ကြီးရွယ်အို ၁၆ ဦးစာရင်းကို ကောက်ခံ ရရှိထားပြီး နောက်ထပ်လည်း နယ်စပ် ဒေသ များတွင် လူမသိသူမသိ နေထိုင်နေကြသည့် သက်ကြီးရွယ်အို စာရင်းများကို လိုက်လံ စုဆောင်း ကောက်ခံ နေကြောင်း သူက ပြောသည်။
ယခုကဲ့သို့ သက်ကြီးရွယ်အိုများကို ကူညီစောင့်ပေးမည့် အလုပ်မှာ ရေရှည်လုပ်ငန်း ဖြစ်သည့် အတွက် တဦး တဖွဲ့နှင့်သာ သက်ဆိုင်သည်ဟု မကြည့်ကြဘဲ ရခိုင်သူ ရခိုင်သားများ အားလုံးနှင့် သက်ဆိုင်သည်ဟု လက်ခံ ကြရန် လိုအပ်ကြောင်း သူက တိုက်တွန်းခဲ့ပြီး နိုင်ငံတကာရှိ ရခိုင် လူမှု အဖွဲ့စည်းများနှင့်လည်း ဆက်သွယ်ရန် စီစဉ်နေကြောင်း ကို ကျော်မြင့်မှ ပြောသည်။
http://www.narinjara.com/detailsbur.asp?id=2664Labels: သတင်း |
posted by ဦးရာဇ်မြီ @ 11:57 PM  |
|
|
|
|
| About Me |
|
![]()
Name: ဦးရာဇ်မြီ
Home: Thailand, songkhala
About Me:
See my complete profile
|
| Previous Post |
|
| Archives |
|
|
| Powered by |
 |
|